ဒီနှလုံးသားဝင်္ကပါဘလော့ခ်ကိုစလုပ်တော့ ကျနော့် မှာအခက်အခဲအများကြီးရှိခဲ့ပါတယ်

အခုလည်းရှိတုန်းပါဘဲ ဒါပေမဲ့ သံစဉ်လှိုင်းက ကိုကျားလေးက အပင်ပန်းခံပြီးဝန်ဆောင်မှု

ပေးထားတာရယ် သူငယ်ချင်းတွေကလည်း တိုက်တွန်းတာရယ်ကြောင့် လုပ်ဖြစ်ခဲ့ပါတယ်

အမှန်တစ်ကယ်ကိုမူးနောက် အချိန်ကုန်ခံရပါတယ်  ကျနော့် စာမျက်နှာလေးတွေမှာ ခံစားမှုတွေပဲ

ဦးစားပေးတင်ပြထားပါတယ်   သိပ်အကောင်းကြီးတော့မဟုတ်ပါဘူး သူငယ်ချင်းတွေလည်း ၀င်ရောက်

ခံစားအားပေးကြပါလို့ ဖိတ်ခေါ်ပါတယ် ဝေမျှချင်တဲ့ အရာတွေ ရှိရင်လည်း ကော်မတ်လေးပေးခဲ့ပါလို့လည်း

တောင်းဆိုချင်ပါတယ် အတတ်နိုင်ဆုံး စုံစုံစေ့စေ့ ဖြစ်အောင်တော့ ကြိုးစားပါ့မယ်

ကျွန်တော်တင်မဲ့ သတင်း/အတင်း ကတော့ မည်သူ့ကိုမျှ ထိခိုက်စေလို့တဲံ့ ရည်ရွယ်ချက်မျိုး

မပါဝင်ပါဘူး အရှိကို အရှိအတိုင်းသာ တင်ပြခြင်းဖြစ်ပါတယ်  သံစဉ်လှိုင်းကို ချစ်တဲ့သူငယ်ချင်းများအား

လုံးကိုလည်း ဖိတ်ခေါ်ပါတယ် ဒီဝန်ဆောင်မှုလေးမှာ ပါဝင်ပြီး ဝေမျှဖို့ကို အမိမြေကို မပြန်ဖြစ်တဲ့ မပြန်နိုင်

တဲ့ ကျနော် တို့အဖို့ ဒီလိုအရာလေးတွေနဲ့ပဲ မြန်မာကွန်မြူနတီ လေးတွေ တည်ဆောက်ပြီး ခင်မင်နိုင်ကြ

တာ အတော်လေးကောင်းမွန်တဲ့အရာပါပဲ ဆက်လက်ပြီးတော့လည်း ကျနော်တို့ရဲ့ ရေဒီယိုလေးဖြစ်တဲ့

 (((   www.thanzinhlaing.com/radio.asx   )))  နဲ့ ဖိုရမ်    (((  www.thanzinhlaing.com  ))) သီချင်းဆိုဒ်ဖြစ်တဲ့

       (((  www.myanmarsongs.net   )))

   တို့ကိုလည်းလာရောက်လည်ပတ်ပါလို့ တလက်စတည်း ဖိတ်ခေါ်ပါရစေခင်ဗျာ

tzl_125_125