နှလုံးသားမရှိတဲ့ည
စီးကရက်နံ့သင်းနေတဲ့
လက်တွေကြားမငြင်းပယ်နိုင်
ဲအမျှောသင့်လိုက်မျှော
စင်းကား ဘီယာတစ်လုံးနဲ့…………………………. ….။
တဒိန်းဒိန်းတဒုန်းဒုန်းစည်းချက်သံတွေ
မြေအောက်ခန်းထဲက
ရောင်စုံမီးတွေကြား
ပူလောင်တဲ့စွဲမက်မှု
ရင်ခုန်သံကိုညစ်နွမ်းစေမဲ့
အလှတွေ
ဘောင်းဘီတိုတိုနဲ့
ညီမငယ်…………………………………….. ………….။
လှုပ်လီလှုပ်လဲ့
တင်နဲ့ခါး
အကြင်နာပေးချင်တဲ့
အကြည့်တွေတစ်ပုံတစ်ပင်နဲ့
နင်ကျောမချမ်းရော့သလားကွယ်
ဟော…
ကြိုက်ခနဲ့မော့ချလိုက်တဲ့
အ၀ါရောင်အရည်တွေ
ငါတော့ သက်ပြင်းတိုးတိုးချမိတယ်
ရောက်နေတဲ့နေရာ
လောကနိဗ္ဗာန်တဲ့
အသက်ရှူကျပ်စေမဲ့
အငွေ့တွေမွှန်လို့……………………………. ………..။
ဟောလက်အုပ်လေးကိုချီလို့
ချီးမြှင့်တဲ့ဆုကြေး
အလှမ်း
ရီဝေနေတဲ့မျက်ဝန်းတွေလား
အံတုမဲ့အပြုံးတွေလား
ကျွန်တော်မသိခဲ့ပါ…………………………… ………..။
နာရီပြန်တစ်ချက်
အပြန်နောက်ကျခဲ့ပေမဲ့
စိတ်ပူသူများမရှိရော့သလား
အော်ခံစားမိတဲ့အသိ
ရင်ကိုချိပေမဲ့
ပုံစံခွက်ထဲကဘ၀တွေမှာ
လွှင့်မျောနေတဲ့ညီမလေးရေ
်အဆင်ပြေပါစေလို့
မဆီမဆိုင်
ဝင်ဆုတောင်းပေးနေတယ်
နှလုံးသားမရှိတဲ့ညနက်
တွေထဲ
လမ်းမပျောက်ပါစေနဲ့ကွယ်………………………. ………………။
(((တစ်ခါကချင်းမိုင်ညများအမှတ်တရ))
” အမေ ”
ရေရာသေချာမှုမရှိတဲ့
မြေမှာ ချစ်တဲ့သားသမီး
တွေအတွက် စတေးခံရော့သလား…………….။
တုနှိုင်းစရာ ဂုဏ်ရည်
အနန္တတွေနဲ့ ယှဉ်စရာ
မရှိနိုင်ခဲ့ပါဘူး အမေ…………………………….။
ရင်နာနာနဲ့
ကြည့်နေရတဲ့အဖြစ်
ဒီကမ္ဘာမှာ သားလေ တစ်ကယ်ကို
အသက်မရှင်ချင်တော့ပါဘူး………………….. .။
အထင်ကရသူတွေကြားထဲမှာ
အမေ့ထိုင်ခုံလေး နေရာလွတ်နေတယ် အမေ
ပေးဆပ်မှုဆိုတဲ့
ကတ္တာရာပေါ် သဖန်းရည်လောင်းထားတဲ့
ခပ်ညစ်ညစ် ၀ိုင်တစ်ခွက်လေအလား
တစ်ကယ်ကို မရှင်းပြနိုင်ခဲ့ဘူး……………………။
တို့ရှေ့ရေးတွေ
စိန်စီပစ်ကြမယ်လို့
အမေပြောနေတဲ့စကားတွေ
ရင်ခေါင်းထဲမှာ အထပ်ထပ်ပဲ့တင်ဆဲ
ဆံထုံးနဲ့ရင်ဖုံး
သိပ်ကြည့်ကောင်းတဲ့ချိတ်ထမီ ပင်နီနဲ့
အမေဟာ
သားတို့ရင်ထဲမှာ
ဘယ်အခြေအနေရောက်ရောက်
ရှင်သန်နေမှာပါ။
မဲဆောက်
ခပ်ခြောက်ခြောက်တော
တော့မဟုတ်ခဲ့လေဘူး
နီရဲရဲသွေးတွေ
စီးဆင်းတဲ့နေရာလေ……………..
အိမ်မပြန်နိုင်တဲ့
ညဥ့်ငှက်လေးတွေနဲ့
ချစ်စရာဆယ်ကျော်သက်
လေးတွေ ညဆိုလျှောက်လည်
တတ်တယ်………………………
မညီမျှမှုတွေနဲ့
ဘာမှန်းမသိသေးတဲ့
ပန်းတိုင်တစ်ခုမှာ
မဖြစ်စလောက် ဖြုတ်ဦးဏှောက်နဲ့
ဘိလပ်မြေတစ်အိတ်ထမ်းပြီး
လမ်းလျှောက်နေမြဲ…………………
အဲဒီမြို့မှာ
တစ်ကယ်ကိုအိပ်ရေး
မ၀ခဲ့သူပါ
ခပ်ပေါပေါနေ့တွေမှာ
ခြလှိုက်စားနေတဲ့စိတ်ဓါတ်တွေနဲ့
အသက်မပါတဲ့အပြုံးတွေကို
ကြိတ်မှိတ်ပြုံးရင်း
ကျွန်တော်အမေမကြိုက်တဲ့
ယစ်ရွှေရည်ကို သောက်သုံးမြဲ…………….
ရင်ခုန်သံတွေညာနေမိတဲ့
ညတွေမှာ
ဒီမြို့ခပ်ကျဉ်းကျဉ်းလေးထဲ
ကျွန်တော် လျှောက်သွားတတ်ခဲ့ပြီ
ဟိုငေးဒီမျှော်နဲ့လေ……………………..
ဘ၀တူချစ်သူကို
ရှာချင်ခဲ့ပြန်တော့လည်း
Jet ( တင်) ကြားညှပ်ထားတယ်လို့
ထင်ရတဲ့ ဖက်ရှင်သိပ်ကျတဲ့
ပုလိပ်ဆိုတဲ့ အမျိုးတွေက
တ၀ီဝီနဲ့
သိပ်ကိုဖမ်းတယ် အမေ
မင်းဟာ တရားမ၀င်တဲ့……………………….
ဖန်ဆင်းရှင်ဘုရားဆီမှာ
ကျွန်တော်ဆုတောင်းနေမိတယ်
ဒေါနတောင်တစ်ဖက်ကို
သွားလိုက်ပြန်လိုက်
လုပ်လို့ရတဲ့
Super Man လိုပျံတတ်ချင်တယ်လို့……………………. ….
ဒီအချိန်ဆို
စုံစီနဖာ ထမင်းဝိုင်းမှာ
စကားတွေဖောင်စီအောင်ပြောနေမယ့်
ညီလေးတွေနဲ့
ဖေဖေနဲ့မေမေ့ကို
လွမ်းရင်း
ကျွန်တော် မျက်ရည်ကျခဲ့ပေါင်းများပြီ
ကံကြမ္မာရေ
နင်သိပ်အောက်တန်းကျပါလားကွယ်………………….. ….